Thursday, May 2, 2013

၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ Instute of American Studies , Chinese Academy of Social Sciences မှ လာရောက်တွေ့ ဆုံ

ယနေ့ မေလ၊ ၂ ရက် မွန်းလွဲ ၁း၁၀ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်း အမှတ် ၁၀၃၉-၁၀၄၀ ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ရန်ကုန်မြို့၌ ရောက်ရှိနေသော Instute of American Studies , Chinese Academy of Social Sciences မှ Dr. Zhou Qi (Senior Researcher,Director of American Politics) ဖြစ်သူ နှင့်Dr.Li      Nan (Associate Research Fellow)တို့နှစ်ဦးသည် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့    အစည်းမှ မင်းကိုနိုင်၊ ကိုဂျင်မီ(တာဝန်ခံလူထုဆက်ဆံရေးဌာန)တို့နှင့်တစ်နာရီကျော်ကြာ   တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် ၈၈မျိုးဆက်တို့၏ သဘောထားအမြင်နှင့် ၄င်းတို့၏ သဘောထားအမြင်များကို အဓိကထားအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။