Tuesday, May 28, 2013

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ Dignity Danish Institute Against Torture အဖွဲ့ မှ လာရောက်တွေ့ ဆုံ

 ၂၀၁၃-၅-၂၈
မေလ၊ ၂၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း    ရုံးသို့ Dignity Danish Institute Against Torture မှ Therese Maria Rytter( Head of   International Legal Affairs) နှင့်အဖွဲ့ ရောက်ရှိလာပြီး ၈၈မျိုးဆက်အဖွဲ့မှ မင်းဇေယျ၊ ပြုံးချို၊ သက်သက်အောင်တို့နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ညှင်းပန်းနှိပ်စက်မှုများ ပပျောက်စေရန် ဖော်ဆောင်နိုင်မည့် နည်းလမ်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ၈၈မျိုးဆက်၏ လုပ်ဆောင်နေမှုများ စသည့်တို့ကို တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။