Friday, May 17, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်လေ့လာ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ  ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်
ဆန်းစုကြည်ဟာ  ကော့မှူးမြို့နယ်ကို ၁၆ ရက်နေ့ က သွားရောက်ခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ဒေသခံတွေရဲ့အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံး စာကြည့်တိုက်၊
ကာ့မှူးမြို့နယ် လက်ခုပ်ကျေးရွာမှာရှိတဲ့  မူလတန်းကျောင်း စသည်တို့ ကို သွားရောက်
ကြည့်ရှုခဲ့ပါတယ်။