Wednesday, May 1, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့လှိုင်သာယာတွင်ကျင်းပ

၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင်ကြရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား    ကို ယနေ့နံနက် ၉ နာရီက လှိုင်သာယာမြို့နယ်ရှိ အောင်မြေသာယာ အားကစားကွင်းတွင် ကျင်းပ   ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမားသမ္မဂအဖွဲ့ချုပ် မှဦးဆောင်ကျင်းပပြီး အခမ်းအနားကို သမ္မဂမှ တာဝန်ရှိသူ များဖြစ်တဲ့ ဦးမောင်မောင်၊ ဦးသန်းလွင်၊ ဦးသန်းရွှေ တို့တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဆုံမှ စက်ရုံ အလုပ်သမားများ၊ လယ်    သမား ၃၀၀၀ကျော်တက်ရောက်ခဲ့ပြီး အဆိုပါ အခမ်းအနားကို နိုင်ငံခြားဧည့်သည်များ လဲတက်   ရောက်ခဲ့ကြသည်။      
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်တိုင်းရင်း   သားရိုးရာ အကများ၊ ဖျော်ဖြေပွဲများနှင့် HIV/AIDS ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြိးအမှတ်တရ လက်ဆောင်များပေး အပ်ခဲ့သည်။ နေ့လည် ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး မှ အမှာစကားပြေကြား ခဲ့ကြောင်းသိရသည်။