၂၀၁၃-၄-၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခိယိုတို( Kyoto )မြို့ တော် ခရီးစဉ်တွင် အလရှိယာမ( Arashiyama )မြို့ နှင့် တိုဂစ်စုခိယော(Togetsukyou )တံတား တို့ ကို သွားရောက်ကြည့်ရှု့ ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဒေသပါတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ များ( Arashiyama Yatsukatsu Associations )မှ ဂျပန်နိုင်ငံတွင်၂၀၀၅ ခုနှစ်က ပထမဆုံး
တီထွင်ခဲ့သော အသေးစားရေအားလျှပ်စစ်စက်သည် တံတားလျှပ်စစ်မီးများ အတွက် အသုံးပြုခဲ့ရာ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ပြီး သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုမရှိဟု ဒေါ်အောင်
ဆန်းစုကြည်အား ရှင်းလင်းပြခဲ့ကြောင်း သိရှိရပါသည်။