Tuesday, April 16, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား Kyoto တက္ကသိုလ် နှင့် Ryokoku တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်

၂၀၁၃-၄-၁၆
ဂျပန်နိုင်ငံကို သတင်း တပတ်ကြာ ခရိးစဉ် အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ဖို့  တောင်းဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၅ ရက်နေ့မှာ ကျိုတိုမြို့က ကျိုတို တက္ကသိုလ်ကို သွားရောက်ပြီး လက်ချာ ပေးရာမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အဲဒီ တက္ကသိုလ်ဟာ လွန်ခဲတဲ့ ၂၇ နှစ်က ဒေါ်အောင်ဆန်းစုကြည် သုတေသီ တဦး အဖြစ် ဆည်းပူးလေ့လာခဲ့တဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့သလို၊ နောက် တက္ကသိုလ်တခုဖြစ်တဲ့ Ryokoku တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုက မြန်မာ မိသားစုတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။