Sunday, April 28, 2013

HUMAN RIGHTS WATCH အဖွဲ့နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ တွေ့ ဆုံ

ယနေ့ ဧပြီလ၊ ၂၈ ရက် နံနက် ၁၀း၃၀ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်း အမှတ် ၁၀၃၉-၁၀၄၀ ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ရန်ကုန်မြို့သိုရောက်ရှိနေသော HUMAN RIGHTS WATCH အဖွဲ့၏ Deputy Director Asia မှ Phil Robertson နှင့် Matthew Smith တို့နှစ်ဦး ရောက်ရှိလာပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီး၊ ပြုံးချို( ၈၈မျိုးဆက် လူ့အခွင့်အရေးဌာန တာဝန်ခံ) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မကြာခင်ကထွက်ရှိခဲ့သည့် HRW ၏အစီရင်    ခံစာ All You Can Do is Pray နှင့်ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်    ၍ လည်းကောင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ လည်းကောင်း၊   နှစ်နာရီကြာဆွေးနွေးခဲ့ကြသည်။