Saturday, April 27, 2013

အမေရိကန်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် တွေ့ ဆုံ

ယနေ့ ဧပြီလ၊ ၂၇ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်း အမှတ် ၁၀၃၉-၁၀၄၀ ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်   သည် သံရုံးမှ တာဝန်ရှိသူ အချို့နှင့်အတူ ရောက်ရှိလာပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း မှ မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် တစ်နာရီခွဲကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အခြေအနေ ကိစ္စရပ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲစောင့်ကြည့်ရေးကိစ္စရပ်များ၊ အမေရိကန်နှင့်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အရပ်ဘက်လူမှုအဖွဲ့အစည်း  တို့၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်