skip to main |
skip to sidebar
၂၀၁၃-၄-၂၅ လက်ပံတောင်းတောင်
ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်မြေကွက်၌ မနက်(၉)နာရီက လယ်သမား
များထွန်ယက်နေစဉ်လုံထိန်းအင် အား(၅၀၀)ဖြင့်လယ်သမားများကိုဝင်ရောက်ရိုက်နှက်ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်ကပြောသည်။
ဖြစ်စဉ်တွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုး အပါအဝင်(၆)ဦးခန့် ကိုဖမ်းဆီး သွားပြီး ကျန်နေသူများကိုထပ်မံ
ရိုက်နှက်ခဲ့ကြောင်း ၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်ပိုင်မြေကွက်
ရှိလယ်သမားများကိုလည်း ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ၄င်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် တာဝန်ခံ ကိုသောင်းထိုက် အကြမ်းဖက်ဖမ်းဆီးသော်လည်းလယ်သမားများပြန် လည်လုယူနိုင်၍လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင်လုံထိန်းများနှင့်ဒေသခံရွာသားများနှစ်ဖက်ရင်ဆိုင်ပဋိပက္ခဖြစ်ပွားလျက်ရှိနေပြီး သိရသည်။
NLA