Tuesday, April 9, 2013

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ လာရောက်တွေ့ ဆုံ


ယနေ့ ဧပြီလ၊ ၉ ရက်၊ နံနက် ၁၁းဝဝ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ၁ဝ၃၉-၁၀၄၀ ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of The United Nations High Commissioner for Human Rights) မှ Heike Alefsen (Deputy Head, Regional Office for South East Asia) ရောက်ရှိလာကာ ၈၈မျိုးဆက်မှ မင်းကိုနိုင်၊ ပြုံးချို၊ ဘသက်အောင်၊ အောင်လင်းဦးတို့နှင့် တွေ့ဆုံခဲ့ကြပြီး လတ်တလောဖြစ်ပေါ်နေသောကိစ္စရပ်များနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။