skip to main |
skip to sidebar
ဗဟိုလူမှုအထောက်အကူပြုအဖွဲ့သစ်၏ ၄/၂၀၁၃
အစည်းအဝေးကို၂၈.၄.၂၀၁၃ခုနှစ် နေ့လည်(၁)နာရီ တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ရုံးခန်းတွင်ကျင်းပခဲ့သည်။
ဗဟိုလူမှုအထောက်အကူပြုအဖွဲ့၏ ဥက္ကဌ ဦးတင်ဦးမှ အမှာစကားပြောကြားရာတွင်
ဗဟိုလူမှုအထောက်အကူပြုအဖွဲ့အနေဖြင့်
မူမပြောင်းဘဲ လုပ်နည်းလုပ်ဟန်များပြောင်းကာ ဆောင်ရွက်သွားရန်
လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံရေးအကျဉ်းသားများအတွက်
ရှေ့လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးဆိုင်ရာများနှင့် လွတ်မြောက်လာသော
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘ၀ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။