၂၀၁၃-၄-၆
အမေစုရဲ့ လက်ပတောင်းတောင် အစီရင်ခံစာဟာ အောင်မြင်တယ်ဆိုတာသေခြာတယ်။ ဘာလို့လဲဆို
ရင် အင်မတန် ဇီဇာကြောင်တဲ့ စင်္ကာပူသမ္မတတောင် ဒီလောက် အထိဂရုဏ်းတွေရှိနေတာကို မြန်မာ နိုင်ငံကို အလည်လာတယ်။ ပြီးတော့အမေစုကိုလာတွေ့တယ်။ ခေတ်အဆက်ဆက် မြန်မာအစိုးရ တိုင်းက စွပ်ဆွဲခဲ့ကြတဲ့ အနောက်မျှော်ဝါဒီ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့တယ်။ တိုင်းပြည်ကောင်စားမယ်ဆိုရင် ဘယ်နိုင်ငံနဲ့မဆို လက်တွဲမယ်။ လူလည်ကျမယ်လို့တော့ မစဉ်းစား ကြနဲ့လို့ သတိပေးလိုက်သလိုလဲဖြစ်နေတယ်။ တစ်ချို့က သူများအပစ်ပြောဝေဖန်နေပေမဲ့ အမေစုက ဘယ်သူ့ကိုမှ အပစ်မပြောဘဲ ၊ မထိခိုက်စေဘဲ ပြန်လည်ချေပတတ်တာ ဟာအတုယူစရာကောင်း တယ်။ အမေစုကို အမျိုးမျိုးပုတ်ခတ်နေသူတွေကိုလဲ
နောက်ပြီး ၁၉၉၀ ကစလို့ အမေစုကို ရွေးချယ်ခဲ့တဲ့ ပြည်သူတွေဟာ ဘယ်လောက် တော်တယ်ဆိုတာ ပိုထင်ရှားစေသလို ၊ အမေစုကိုခေါင်းဆောင်ရွေးခဲ့ ကြတဲ့ စစ်သားဟောင်းကြီး တွေရဲ့ အရည်အချင်းကိုလဲ ပိုတောက်ပြောင်စေသလို၊ အမေ့အတွက် အသက်ပေးခဲ့ ကြသူတွေကလဲ တမလွန်ကနေ ၀မ်းသာနေကြမှာပါ။
နန္ဒာစိုး
