skip to main |
skip to sidebar
၂၀၁၃-၄-၂၈ ဂျာနယ်
သတင်းစားများတွင် ဆယ်ရက်ဖြင့် အပြီး ထုတ်ပေးနေသည်ဆိုသော်လည်း ၊ ၂၀၁၂ ဇွန်လ ၂၆ ရက်ကတည်းက သက်တမ်းတိုး လျောက်ထားခဲ့သော ကျနော့်  နိုင်ငံကူးလက်မှတ်
အတွက် ပတ်စ်ပို့ ရုံးမှ လက်ခံ စလစ်စာရွက်လေး။
ပတ်စ်ပို့
ထုတ်ပေးရေး ရုံးမှ တာဝန်ရှိသူက ဖြေကြားပါသည်။ ပန်းတနော်မြို့နယ် တွင်
ရင်ဆိုင်နေရ သော အမှု ကို လာမည့် မေလ ၂ ရက်နေ့တွင် အမိန့်ချမှတ်ပြီးမှ
ပတ်စပို့ရရှိရေးကို ဖြစ်နိုင်မည် ဖြစ်ပါကြောင်း။
သို့ ဆိုလျှင်
ပန်းတနော် တရားရုံး မှ တရားစွဲဆိုခံထားရသော ပုဒ်မ ၅၀၀ သည်
နိုင်ငံကူးလက်မှတ် ရရှိရေး အထိ အရေးပါသော အမှုအခင်းဖြစ်နေပေတော့ သည်။
မိမိအား နိုင်ငံတကာရှိ မိတ်ဆွေ အချို့က ဆွေးနွေးပွဲများ၊ လေ့လာရေး
ခရီးစဉ်အဖြစ် လာရောက်ရန် ဖိတ်ခေါ် ထားသော်လည်း နိုင်ငံကူး လက်မှတ်
မရှိသောကြောင့် မသွားနိုင်ဖြစ်နေရသည်။
အို .................အသင်လောက ................ဟုသာ ၊ လှည့်လည် အော်ဟစ် လိုက်ချင်ပါသည်။