Thursday, April 4, 2013

ကိုရဲမင်းဦးအား ပုဒ်မ ၅၀၅ (ခ)ဖြင့် ရုံးထုတ်

၂၀၁၃-၄-၄   ( BVJ )
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)မှ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အနောက်ပိုင်းခရိုင်တရားရုံး၌ ဧပြီလ ၄ရက်နေ့ နေ့လည် ၁၁း၀၀အချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ရုံးထုတ်စဉ် ကိုရဲမင်းဦးမှ ၉၆၉နှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတွင် အပြစ်မရှိကြောင်းနှင့် OIC ကိစ္စကို ဆန္ဒပြရာတွင် အစိုးရမှ မကျေနပ်သောကြောင့် တရားခံရှာခြင်းသာဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့ပါသည်။