by zarny win
ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့်အစီအစဉ် ကြောင့် ရှေ့နေများကွန် ရက်က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။
ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းလဲမည့်အရာမှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်အအုံဖြစ်
ထိုအဆောက်အအုံမှာ ကိုလိုနီခေတ်ကတည်းက တရားရုံးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ပြီး မြန်မာ နိုင်ငံ၏ ပထမဆုံးလူမျိုးစုလွှတ်တော် ပြုလုပ်ကျင်းပခဲ့သောနေရာလည်းဖြစ
ဆန္ဒပြတာ အကြောင်းမထူး၊ တရားစွဲမှ ထူးမယ် ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering, စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။
ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက်အရသိရသည်။
ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/
“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။
ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။
ဘယ်တော့ တရားစွဲမလဲတရားမကျင့်ထုံးဥပဒေပု
ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင်ခွင့် ပေးထားသည်။
ဝန်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်တိုင်းစုပေါင်းရုံး - ဟိုတယ် မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd - ဟိုတယ်
ဗဟိုအစိုးရရဲ့ အဖြေ
ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည် ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက် နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသေ
ပညာရှင်ရှုဒေါင့်
ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံ
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေ
၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းေ