မြန်မာ့ဒီမိုကရေစီရေးကိုတောက်ေ လျှာက်အားပေးလုပ်ဆောင်ပေးနေတဲ့
ဂျပန်အထက်လွှတ်တော် အမတ် ဟောင်းအဇူမ
ခွန်နို Azuma Konno၊ မြန်မာ့ဒီမိုကေ ရစီရေးကိုထောက်ခံအားပေးသောလွှတ် တော်အမတ်များ သမဂ္ဂ ဥက္ကဌ (ဟောင်း)ဟာ ၂၄ ရက် မနက်မှာ ထူးဆန်းသောအဆုတ်ရောင်ရောဂါဖြင့် ရုတ်တရက်ကွယ်လွန် သွားခဲ့ပါတယ်။Konno
အမတ်ဟာ ဒေါ်အောင်ဆန်းစုကြည်အား အထူးလေးစားပြီး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ကိုတန်ဖိုးထား
အားစိုက်ကူညီလုပ်ဆောင်ပေးနေသူဖြစ်တဲ့အြ ပင်
ဂျပန်နိုင်ငံရှိမြန်မာဒုက္ခသည်များ အရေးကိုလည်း ဖြေရှင်းကူညီပေးနေသူဖြစ်ပါတယ်။
ဂျပန်လွှတ်တော်တွင်း မြန်မာ့ဒီမိုကရေစီရေးကို ကြားနာမေးမြန်းတာမျိုးတွေ၊လွှတ်တော်အမတ်တွေကြား မြန်မာ့ဒီမိုကရေစီရေးကိုဝိုင်းဝန်းကူညီလုပ်ဆောင် လာကြစေဖို့
မြန်မာပြည်အကြောင်း လေ့လာ အမြင် ဖလှယ်ကြတဲ့ ဆွေးနွေးပွဲတွေ၊ နိုင်ငံရေးအကျဉ်းသားအကြောင်း
ဓါတ်ပုံပြပွဲတွေ ကို အမြဲမပြတ် ပြုလုပ် ပေးခဲ့သူတဦးဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေးေ ပးဖို့
တိုက်တွန်းတောင်းဆိုစာမှာ ဂျပန်အမတ်တွေ ဝိုင်းဝန်းလက်မှတ်ရေးထိုးကြဖို့
ဦးဆောင်လှုံ့ဆော် လက်မှတ်ကောက်ယူခဲ့သူဖြစ်ပါတယ်။
ကောင်းရာသုဂတိလားပါစေ။