၃ဝ၊ ၃၊၂ဝ၁၃ နေ့၊နံနက် ၁၁းဝဝနာရီတွင် ဥရေပသမဂ္ဂရုံး၊မြန်မာနိုင်ငံမှ(Head of EU Office,
Myanmar)ဖြစ်သူ Mr.Robert Cooperနှင့်အဖွဲ့သည် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးသို့ရောက်ရှိလာကြပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် လက်ရှိမြန်မာ့နိုင်ငံရေးပြောင်းလဲမှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခြေအနေများ၊ နောင်လာမည့် ရွေးကောက်ပွဲကာလ အခြေအနေများ၊
၈၈မျိုးဆက်အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် အနာဂတ်လားရာများကို
အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။