Friday, March 1, 2013

၈၈မျိုးဆက်ရုံးသို့ ဘုန်းတော်ကြီး Desmond Tutu လာရောက်




























 ၂၀၁၃-၃-၁
မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ်ရောက်ရှိနေသော ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည် ယနေ့ ( မတ်လ ၁ ရက် ) ၁၁း၁ဝ နာရီက ရန်ကုန်မြို့ရှိ    ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းသို့ ရောက်ရှိလာရာ ၈၈မျိုးဆက်   ကျောင်းသားများအပါအဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ           
အဖွဲ့ချုပ်၊ Generation Wave၊ ဗကသ၊ ကသဖ၊ တကသ နှင့် မဏ္ဍိုင်ဥပဒေအကယ်ဒမီ တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် မင်းကိုနိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ  တွင် “ လွတ်လပ်ခွင့်ဆိုသည်မှာ မည်သူ့ထံတွင်မျှ ဒူးထောက်တောင်းခံနေရန်မဟုတ်ဘဲ လူတိုင်း၏ မွေးရာပါ (ဘုရားသခင်ပေးသော) အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို အတားအဆီးပြုထားသူများထံမှ ပြန်လည်တိုက်ယူခဲ့ကြသော သင်တို့ကို လေးစားဂုဏ်ယူမိပါကြောင်း၊ သို့ရာတွင် လူတိုင်းကိုယ်စီ အပြုံးပန်းများဆင်မြန်းနိုင်ကြသည့် နေ့သစ်ဆီရောက်မှသာလျှင် သင်တို့၏ လွတ်လပ်ခွင့်သည် သင်တို့လက်ဝယ်ပိုင်ပိုင်ဆိုက်ရောက်လာမည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ ဒက်စ်မွန်တူးတူး၏ မိန့်ခွန်းအပြီးတွင် ကိုကိုကြီးက ကျေးဇူးတင်စကားပြောကြားပြီးနောက် နံနက်၁၁း ၅၀ နာရီတွင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည် ၈၈မျိုးဆက် ရုံးခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။