Wednesday, March 6, 2013

Convention on the recognition and enforcement of foreign arbitral award,1958 (new York convention) သို့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ရေး

ဒေါ်အောင်ဆန်းစုကြည်

1958 new York conventionနင့်ပတ်သတ်လို့ ရှေ့ ကကိုယ်စားလှယ်ကြီးများ တော်တော်များများဆွေးနွေးပြီးသွားကြ ပါပြီ။ဘာလို့   ကျွန်မတို့နိုင်ငံအနေနဲ့အဖွဲ့ ဝင်အဖြစ်နေသင့်တယ်ဆိုတာကို စုံစုံလင်လင်ပြောပြီးကြပါပြီ။  ကျွန်မ အနေနဲ့ တစ်ခုပဲ ဖြည့် စွက်ချင်တာက ကျွန်မတို့ ဒီလိုအခွင့်အရေးတွေရတဲ့ အခါကြလို့ရှိရင် အခွင့်အရေးတွေကို ထိထိရောက်ရောက်သုံးနိုင်မှသာလျှင် ကျွန်မတို့ နိုင်ငံအတွက် အပြည့် အ၀အကျိုးရှိမှာပါ။ဥပမာဆိုလို့ရှိရင် နိုင်ငံခြားရင်းနီးမြုပ်နံမူဥပဒေ ၊ new York convention လိုဝင်မယ်ဆိုလို့ ရှိရင် ဒီလိုဝင်ခြင်းရဲ့ အကျိုးသက်ရောက်မူ ကျွှန်မတို့ နိုင်ငံက ခံစားရမှာဖြစ်ပါတယ်။ပြည့် ပြည့်၀၀ခံစားရနိုင်ဖို့ ဆိုတာ ကျွန်မတို့ ပြည်တွင်းအခင်းအကျင်းကလည်း   ပြည့်စုံဖို့ လိုအပ်ပါတယ်။ဥပမာဆိုလို့ ရှိရင် သမာဓိခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံတာရှိခဲ့ လို့ ရှိရင် ဆက်ပြီးတော့ ပြည်တွင်းမှာလုပ်ရမယ့် အလုပ်တွေလည်း ရှိပါတယ်။ကျွန်မတို့ ပြည်တွင်းရဲ့ တရားစီရင်မူယန္တရား ၊ တရားစီရင်မူအခင်းအကျင်းဟာ အဆင့် အတန်းမီဖို့ လိုပါတယ်။ကျွန်မတို့    ပြည်တွင်းမှာ ဒီလိုခုံရုံးတွေက ဘယ်လိုလုပ်တယ်။ဘယ်လိုနည်းလမ်းနဲ့ ဆုံးဖြတ်တယ်ဆိုတာကို   ကျေကျေလည်လည်နားလည်ဖို့ လိုပါတယ်။ကျွန်မတို့ ရဲ့တရားစီရင်ရေးမဏ္ဍိုင်ပိုပြီးတော့ ခိုင်မာဖို့    ဆိုရင် တရားဥပဒေပညာရှင်များက ဒီလိုခုံရုံးတွေနဲ့ ပတ်သတ်လို့ အများကြီးပညာတွေ ဖြည့် စွက်ဖို့  လိုမယ်လို့  ကျွန်မထင်မိပါတယ်။ကျွန်မတို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီကိစ္စတွေကို ကျေကျေလည်လည် နားလည်ဖို့ လိုတယ်လို့ ထင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် လွှတ်တော်များရဲ့ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေအဖြစ် ဒီနေ့ ပဲစပြီးတော့ ခုံရုံးတွေရဲ့ အလုပ်နဲ့ ပတ်သတ်လို့ ဆွေးနွေးပွဲတွေစမှာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲတွေက (၃၊၄)ရက်လောက်ကြာပါမယ်။အဲဒီမှာ ပြောသွားမယ့် ပုဂ္ဂိုလ်တွေကလည်း နိုင်ငံတကာအဆင့် နဲ့ ခုံရုံးတွေအကြောင်း သေသေချာချာကျေကျေလည်လည်နားလည်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအပြင် လွှတ်တော်ဝန်ထမ်းများဟာတက်တက်       ကြွကြွပါဝင်ပြီးတော့ ဒီဆွေးနွေးပွဲတွေရဲ့ အကျိုးအမြတ်ကိုရယူဖို့ မျှော်လင့့်ပါတယ်။
စီးပွားရေးအောင်မြင်ဖို့ ဆိုတာ ယုံကြည်မူပေါ်မှာ မူတည်ပါတယ်။ဘယ်လိုပဲဥပဒေတွေ ပြဌာန်း ၊ ဘယ်လိုစာချုပ်တွေပဲ လက်မှတ်ထိုး နောက်ဆုံးရင်းနှီးမြုပ်နှံမူစဉ်းစားတဲ့ သူတွေက ကျွန်မတို့ နိုင်ငံတွင်း   က အခင်းအကျင်းပေါ်မှာ ယုံကြည်မူရှိမှသာ ကျွန်မတို့ မျှော်မှန်းတဲ့ ရင်းနီးမြုပ်နှံမူမျိုး ရမှာပါ။ အဲဒါကြောင့် ဒီလိုရင်းနှီးမြုပ်နှံမူမျိုးရဖို့ ဆိုတာက ကျွန်မတို့ ဘက်က ပြင်သင့်တဲ့ ကိစ္စတွေကို   ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ကျွန်မတို့ နိုင်ငံတွင်းအင်အားတွေ အတွင်းအရည်အချင်းတွေ မြှင့်တင်နိုင်မှ နိုင်ငံခြားကရောက်လာတဲ့ အခွင့်အရေးတွေက နိုင်ငံသူ၊ သားတွေ အပြည်အ၀အကျိုးပြုနိုင်မှာဆိုတာကိုပဲ ခပ်တိုတိုပြောရင်းနိဂုံးချုပ်ပါတယ်။