Monday, March 4, 2013

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ချင်းပြည်နယ်ခရီးစဉ်

၂၀၁၃-၃-၎
၈၈မျိုးဆက်၏ ချင်းပြည်နယ် ခရီးစဉ် ပထမအဖွဲ့အဖြစ် မတ်လ ၅ ရက် နံနက် ၇း ၀၀ နာရီတွင်   ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ခရီးစဉ်တွင် အံ့ဘွယ်ကျော်၊ မာကီ၊ စမ်းချောင်းကိုကိုကြီး၊ မျိုးသန့်၊ ကိုကိုလှိုင်၊ သတိုးအောင်၊ မီးမီး၊ မာမာဦး၊     မာယာနှင့် တဉ္စာဦးတို့ ပါဝင်မည်ဖြစ်ပြီး ကလေးမြို့သို့ မတ်လ ၆ ရက် နေ့လယ်တွင် ရောက်ရှိ မည်ဖြစ်သည်။

ခရီးစဉ် ဒုတိယအဖွဲ့ဖြစ်သော မင်းကိုနိုင်နှင့် ကိုကိုကြီးသည် မတ်လ ၆ရက် နံနက်တွင် ရန်ကုန်မှ   လေယာဉ်ဖြင့်ထွက်ခွာပြီး နံနက် ၁၁း ၀၀ နာရီတွင် ကလေးမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။

မတ်လ ၆ ရက် နေ့လယ်စာ စားပြီးချိန်တွင် ကလေးမြို့မှ တာဟန်း သို့ထွက်ပြီး ဒေသခံများနှင့်   တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ကလေးမြို့သို့ပြန်လာပြီး ညပိုင်း၌ ကလေးမြို့၌လည်း တွေ့ဆုံဆွေးပွဲ ပြုလုပ်မည် ဖြစ်သည်။

မတ်လ ၇ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ကလေးမြို့မှ တီးတိန်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ထိုနေ့ညတွင် တီးတိန်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

မတ်လ ၈ ရက် နံနက် ၈း ၀၀ နာရီတွင် တီးတိန်မှ ထွက်ခွာပြီး နံနက် ၁၁း ၀၀ နာရီတွင် ရိဒ်ရေကန်အနီး    ၌ လူထုတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ဖလန်းသို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်သည်။

မတ်လ ၉ ရက် နံနက် ၉း ၀၀ နာရီမှ ၁၂း ၀၀ နာရီအထိ ဖလန်းမြို့တွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ပြီး မွန်းလွဲ ၁း ၀၀ နာရီတွင် ဖလန်းမြို့     မှ ဟားခါးမြို့သို့ ထွက်ခွာမည်။ ညနေ ၄း ၀၀ နာရီတွင် ဟားခါးမြို့၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်    ဖြစ်သည်။

မတ်လ ၁၀ ရက် နံနက် ၈း ၀၀ နာရီတွင် ဟားခါးမှ တမူးသို့ ထွက်ခွာမည်ဖြစ်ပြီး တမူး၌ ညအိပ်နားမည်ဖြစ်သည်။

မတ်လ ၁၁ ရက် နံနက်တွင် တမူးမြို့၌ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ပြီး အပြန်တွင် ခမ်းပတ်မြို့သို့ ၀င်ရောက်ကာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ ထိုနေ့ ညနေတွင် ခမ်းပတ်မြို့    မှ ထွက်ခွာပြီး မတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။