မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပြည်သူအားလုံး တစိုက်မတ်မတ် ကြိုးပမ်းနေကြတဲ့ တရားဥပဒေ စိုးမိုးရေး၊
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ ပြည်သူလူထုအတွက် အကျိုးမပြုသော
ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့
မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးလှုပ်ရှားမှုမှာ
တပ်မတော်ဘက်ကလဲ အတူတကွ ပါဝင်လုပ်ဆောင်ကြဖို့ ရန်ကုန်မြို့
ရွှေဂုံတိုင်လမ်းမှာ ပြုလုပ်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့
အခမ်းအနား ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
(27-3-2013)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်သားတွေကို မိန့် ခွန်း ပြောတာမှာ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားကို ပထမဆုံး အကြိမ် တက်ရောက် လာခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းကို တပ်မတော်
ဖခင်ကြီးလို့  လေးလေးစားစား ခေါ်ခဲ့သလို ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့ဖူးတဲ့ တပ်ပုံစံကို
ပိုင်ပိုင် နိုင်နိုင် အမိအရ ဖမ်းပြီး ခေတ်မီ တပ်မတော်
အဖြစ် ဖန်တီးသွားမယ့် အကြောင်းပြောကြားသွားပါတယ်။