Saturday, March 2, 2013

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒက်စမွန်တူးတူးက ၈၈မျိုးဆက်ရုံးခန်းတွင် ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့

















 ၂၀၁၃-၃-၂
ယနေ့ ( မတ်လ ၁ ရက် ) နံနက် ၁၁း၁ဝ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ၌  “ လွတ်လပ်ခွင့်ဆိုသည်မှာ မည်သူ့ထံတွင်မျှ ဒူးထောက်တောင်းခံနေရန်မဟုတ်ဘဲ လူတိုင်း၏ မွေးရာပါ (ဘုရားသခင်ပေးသော) အခွင့်အရေးတစ်ရပ်သာဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို အတားအဆီးပြုထားသူများထံမှ ပြန်လည်တိုက်ယူခဲ့ကြသော သင်တို့ကို လေးစားဂုဏ်ယူမိပါကြောင်း၊ သို့ရာတွင် လူတိုင်းကိုယ်စီ အပြုံးပန်းများဆင်မြန်းနိုင်ကြသည့် နေ့သစ်ဆီရောက်မှသာလျှင် သင်တို့၏ လွတ်လပ်ခွင့်သည် သင်တို့လက်ဝယ်ပိုင်ပိုင် ဆိုက်ရောက်လာမည်ဖြစ်ကြောင်း”
ပြောကြားသွားခဲ့သည်။

(ဓာတ်ပုံ - 88generation)