Friday, March 8, 2013

အကြမ်းဖက် အစိုးရ ခေါင်းဆောင်အား နိုဘယ်ပေးရမလား


 ၂၀၁၃-၃-၈
ဒေါ်အောင်ဆန်းစုကြည် တရာဥပဒေစိုးမိုးရေးကော်တီ ဥက္ကဖြစ်လာခဲ့သော ၂၀၁၂ ခုနှစ်ကနေ ယခု
၂၀၁၃ ခုနှစ် အစကာလေးမှာပင် မြန်မာပြည်တွင် ပုဒ်မ ၁၄၄ မာရှယ်လောအမိန့် ၁၃ကြိမ်ထုတ်ပြီးသွားပြီဖြစ်၏၊ မာရှာလောအမိန့် ၁၃ ကြီမ်သည်

* ဧရာဝတီတိုင်းတွင် ၃ကြိမ်၊
*ရခိုင်ပြည်နယ်တွင် ၅ ကြိမ်၊
*ကချင်ပြည်တွင် ၃ကြိမ်
*လက်ပန်တောင်း စကိုင်းတိုင်းတွင် ၂ ကြိမ်ရှိနေပါသည်။

တနှစ်သာသာလေးအတွင်းမှာပင် အများပြည်သူများအား အစိုးရမှ အကြမ်းဖက်မှုပေါင်း ၁၀၂ ကြိမ်ရှိသည်ဟူ သတင်းမှတ်တမ်းတခုတွင် ဖေါ်ပြထားသည်။


*ရခိုင်ပြည်နယ်တွင် (၂၁) ကြိမ်
*မန္တလေးတွင်း( ၄) ကြိမ်
*စကိုင်းတိုင်းတွင် မီးလောင်ဗုံးဖြင့် ပစ်ခွင်းမှုအပါဝင်( ၈) ကြိမ်
*ကချင်ပြည်နယ်တွင် မြို့နေလူတန်းစားများအား ပေါ်တာဆွဲရန်အကြမ်းဖက်မှု နှင့် စစ်ယာဉ်တန်း
ဖြင့် တိုက်ဖြတ်မောင်းနှင်မှုအပါဝင် (ရ) ကြိမ်
*မွန်ပြည်နယ်မြေယာသိမ်းမှုတွင် (၂)ကြိမ်
*ပဲခူးတိုင်းတွင် ၉ကြိမ်
*ရန်ကုန်တိုင်းတွင်းနှင့် ရန်ကုန်မြို့လယ်ခေါင်ဖမ်းဆီးမှုများအပါဝင် (၁၄)ကြိမ်
*ဧရာဝတီတိုင်းတွင်း မအူပင် နောက်ဆုံးအရးခင်းအပါဝင် (၁၆)ကြိမ်
*ကယားပြည်နယ်တွင် လယ်မြေများ အား စစ်လေ့ကျင့်ရေး တပ်စခန်းများဆောက်ရန်အတွက်အ
တင်းအဓမ္မသိမ်းယူမှု(၂)ကြိမ်
*ကရင်ပြည်နယ်တွင် ၃ကြိမ်
*တနသာင်္ရီတိုင်းတွင် (၉)ကြိမ်
*ချင်းပြည်နယ်တွင် (၁)ကြိမ်
*ရှမ်းပြည်နယ်တွင် (၆)ကြိမ်

ယခု လက်ပံတောင်းဝန်းကျင်တွင် နောက်ဆုံး မာရှယ်လော ၁၄၄ အား ထပ်မံထုတ်ပြန်ထားသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ ကော်မရှင်မှ သိရှိခြင်းမရှိသေး ပါကြောင်း ဒေါ်ခင်စန်းလှိုင်မှ
ပြောကြားပါသည်။
မာရှယ်လော၏ မိတ္တတူအား တင်ပြထားပေးပါသည်။

သည်လောက် ရာဇ၀တ်မှုများဖြင့် တိုင်းပြည်အား အုပ်ချုပ်နေသော သမ္မတ အား ၂၀၁၃
နိုဝင်ဘာတွင် ကြေငြာရန်ရှိသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအား ရရှိအောင် ထောက်ခံပေးသည့်
ဒီချုပ်ဥက္ကဌကြီးအား အလွန် အံ့သြတုန်လှုပ်မိပါကြောင်း.........

ဂိုလ်ရှယ်လေး
မတ်လ ရ ရက် ၂၀၁၃ ခုနှစ် ညဦး ရ နာရီ ၄၁မိနစ်တွင် ရေးပါသည်။
အားလုံး လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။ တင်ပြခဲ့သော အစိုးရမှ
အကြမ်းဖက်မှုဖြစ်စဉ်အားလုံး ဂိုလ်ရှယ်လေးနှင့် အဖွဲ့ တွင် ရှိပါသည်ကို
တာဝန်ယူဖြေရှင်းနိုင်ပါသည်။Maha Mingyi