Wednesday, March 27, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ၆၈ နှစ်မြောက် ဖက်စစ်တော်လှန်ရေးနေ့

၂၀၁၃-၃-၂၇
အခမ်းအနားကိုမတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ က ဗဟန်း ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့               ချုပ်နာယက ဦးတင်ဦးမှ ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အခန်းအနားသို့ သဘာပတိအဖွဲ့ဝင် ဦးဝင်တင်၊ ဦးသန်းထွန်း၊ ဦးလှဖေ နှင့် သဘာပတိအဖွဲ့ဝင်များ၊အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ ၊တိုင်းရင်းသားအဖွဲ့              အစည်းများ ၊ သံတမန်များ၊ အခြားဖိတ်ကြားထားသူများ နှင့် သတင်းမီဒီယာများ တတ်ရောက်      ခဲ့ကြသည်။