skip to main |
skip to sidebar
၂၀၁၃-၂-၁၄
ဖေဖော်ဝါရီလ
၁၃ ရက် ညနေ ၃း၀၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊
ဦးသန့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် သော မတ်စ် အိုဂျေ ကန်တာနာ (Tomas Ojay Quintana) နှင့်
၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ
မင်းကိုနိုင်၊ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော
အခြေအနေများ၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေပြဿနာ၊ အလုပ်သမားပြဿနာ
အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား
ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး
ပြောဆိုဆွေးခဲ့ကြသည်။