၂၀၁၃-၂-၁၅
ယနေ့ ဖေဖော်ဝါရီလ၊(၁၅)ရက် နံနက်(၁၁း၁၅) နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/
၁ရပ်ကွက်၊သုမင်္ဂလလမ်း၊အမှတ်-(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ European
Union Electoral Support Team in Myanmar မှ Vic Butler (Independent
Consultant and Electoral Expert) နှင့် Xvier Noc (Independent Consultant
and Electoral Expert) တို့(၂)ဦး ရောက်ရှိလာပြီး
၈၈မျိုးဆက်ခေါင်းဆောင်များ ဖြစ်ကြသော ကိုကိုကြီး၊ ဌေးကြွယ်တို့နှင့်
တွေ့ဆုံခဲ့ကြကာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲစောင့်ကြည့်ရေးနှင့်
ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပေါ်ရေး၊ မဲဆန္ဒရှင်များ၏
စာရင်းကို တိကျသေချာစွာပြုစုရေး၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင်
ပွင့်လင်းမြင်သာ မှုရှိရေး တို့အတွက် ရွေးကောက်ပွဲကော်မရှင်တွင်
ပြည်သူလူထုယုံကြည်လေးစားသူများ ပါဝင်စေ ရန်နှင့် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲမတိုင်မီ အခြားသော လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။