Sunday, February 10, 2013

ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ 
ကျင်းပ CRPP အတွင်းရေးမှူး ဦးအေးသာအောင် တက်ရောက် အမှာစကားပြောကြား





























၂၀၁၃-၂-၁၀
ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ်အခမ်းအနားနှင့်
တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ဂျပန်ရောက် ပြည်ထောင်စုပွားတိုင်းရင်းသား
များ အင်အားစုတို့ မှ စုပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့  မြန်မာနိုင်ငံမှ ဖိတ်ကြားထားသော ဦးအေးသာအောင် (CRPP အတွင်းရေးမှူး)မှ
အမှာစကားပြောကြားခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများ၏
မွေးရာပါအခွင့်အရေးများဖေါ်ဆောင်ပေးဖို့ ၊အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်
တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ ပင်လုံသဘောတူညီချက်ကို အကောင်အထည်ဖေါ်
ဖို့ ၊ ပြည်တွင်းစစ်ရပ်ဆဲရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြသနာများကို နိုင်ငံရေးနည်းအရ
ဖြေရှင်းဖို့ လိုအပ်ကြောင်းနှင့် တွေ့ ဆုံဆွေးနွေးရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတို့ ကို   ဆွေးနွေးတင်ပြခဲ့သည်။