Saturday, February 9, 2013

ဦးသောင်းတင် ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်မှ နှုတ်ထွက်တော့မည် ဟု သတင်းများ ထွက်ပေါ်နေ



သမတကြီး ဦးသိန်းစိန်က လေချုပ်မြတ်ဟိန်းကို ဆက်သွယ်ရေးဝန်ကြီး ရာထူးပေးဖို့ လွှတ်တော်ကို ကမ်းလှမ်းလိုက်ပါတယ်ဆက်သွယ်ရေး ဆိုတာ တိုင်းပြည်တစ်ခုတိုးတက်ကောင်းစားရေးအတွက် အခရာကျတဲ့နေရာကနေပါနေပါတယ်အဲဒီဆက်သွယ်ရေးဝန်ကြီးလိုနေရာမျိုးက အမျှော်အမြင်ရှိတဲ့ ပညာရှင် တစ်ဦးဦးကို အကူအညီတောင်း ခန့်အပ်ရမယ့်နေရာပါ . . အခုတော့ ဒီနေရာကို လားလားမှ မဆိုင်တဲ့ သူတစ်ယောက်ကို ခန့်ဖို့ သမတကိုယ်တိုင်က ရွေးချယ်လိုက်ပါတယ်အခုဦးသောင်းတင်ထံက ဒုဝန်ကြီးရာထူးက နှုတ်ထွက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်လာတယ်လို့ ကြားရပါတယ်။

" ဟန်းဖုန်းဆင်းကဒ်တွေကို အလကားနီးပါးပေးရမယ် . . ပြီးတော့ ဖုန်းပြောခတွေကိုလည်း အခြေခံ လူတန်းစား လက်လုပ်လက်စားတစ်ယောက်ရဲ့ တစ်နာရီလုပ်ခနဲ့ တွက်ပြီး သတ်မှတ်သင့်တယ် . .
အခြေခံလူတန်းစားလက်လုပ်လက်စားတစ်ယောက်ဟာ တစ်နေ့ဆယ်နာရီလုပ်ရပြီး တစ်ရက်   ငွေတစ်ထောင် ရတယ်ဆိုပါဆို့ . .လက်ရှိ ဖုန်းပြောခ တစ်မိနစ် ၅၀ကျပ် နဲ့ ဆို သူ့ရဲ့ တစ်နာရီလုပ်ခ      ငွေ ၁၀၀ ဟာ ၂မိနစ်ဖုန်းပြောတာနဲ့ တင် ကုန်သွားပြီ ဒါဟာ လုံးဝမဖြစ်သင့်တာပဲ . .လက်ရှိ ဖုန်းပြောခကို အနည်းဆုံး ၁၀ဆ လောက်လျှော့သင့်တယ် "ဦးသောင်းတင်က သူ့ငယ်သူငယ်ချင်း အင်ဂျင်နီယာတစ်စုနဲ့ တွေ့တုန်းက ပြောခဲ့တဲ့ စကားတွေလို့ သိရပါတယ်။

" ဆင်းကဒ်တွေ အလကားပေးဖို့ နဲ့ ဖုန်းပြောခတွေကိုလျော့ချဖို့ကိစ္စဟာ ချက်ချင်းလုပ်ရမယ့်ကိစ္စပါ . . တစ်ရက်နောက်ကျရင် တိုင်းပြည်အတွက် တစ်ရက် နစ်နာပါတယ်" လို့လဲ ဦးသောင်းတင်က    ပြောပါတယ်။