Friday, February 8, 2013

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ ဌာနများနှင့် ဂျပန်နိုင်ငံ KEIDENREN Japan      Business Federation) တို့အကြား စီးပွားရေး ဆိုင်ရာ မူဝါဒများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း        အနားကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာ အပြည်ပြည်            ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပသည်။
ရှေးဦးစွာ KEIDENREN (Japan Business Federation) ဥက္ကဋ္ဌ Mr. Hiromasa  YONEKURA            က ကြိုဆို နှုတ်ခွန်း ဆက် စကား ပြောကြားပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး                   ဦးစိုးသိန်းနှင့်    အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု                ဝန်ကြီး ဒေါက်တာ ကံဇော်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ရင်းနှီး မြှုပ်နှံမှုနှင့်                  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ချိုချိုဝင်း၊ စီးပွားရေးနှင့်                     ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး                  ဦးကိုကိုလေး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအား ဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်မိမိ
ခိုင်၊ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဒုတိယ အင်ဂျင်နီယာချုပ် (မြို့ပြ)                  ဦးကျော်ဦးနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး              ဦးနေဝင်း  တို့က ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို              ရှင်းလင်း တင်ပြကြသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ                    ချစ်ကြည် ရင်းနှီးမှု ပိုမို တိုး တက်အောင် ဆောင်ရွက်ရန်၊ မြန်မာ နိုင်ငံ၏ သွင်းကုန်ထုတ်ကုန်                   လုပ်ငန်းများနှင့် အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်                  ရန်နှင့် ဝန်ကြီးဌာန များ၏ ဌာနအလိုက် ရှင်းလင်း တင်ပြမှု များကို ရင်းနှီး ပွင့်လင်းစွာ                     အပြန် အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။