skip to main |
skip to sidebar
၆-၂-၂ဝ၁၃ နေ့နံနက်(၁ဝး၃ဝ မှ ၁၁း၄၅ )နာရီအထိ၊ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်း၌ မဏ္ဍိုင်ဥပဒေအကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေဦးမောင်မောင်ဝင်းဦးဆောင်သော ရှေ့နေများနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံရာတွင် မဏ္ဍိုင် ဥပဒေအကယ်ဒမီမှ စေတနာ့ဝန်ထမ်းရှေ့နေ(၁၈)ဦး တက်ရောက်ခဲ့ကြပြီး၊၈၈မျိုးဆက်ကျောင်းသား များမှ ကိုကိုကြီး၊ဥပဒေရေးရာတာဝန်ခံ ကိုမာကီ၊ရုံးအဖွဲ့မှူးကိုဇော်မင်းနှင့်ရုံးအဖွဲ့ဝင် ကိုဥာဏ်လင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၌ လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လိုအပ်နေ သော ဥပဒေများ ပယ်ဖျက်ရေး၊ပြုပြင်ရေး၊ပြဋ္ဌာန်းရေးအတွက်လည်းကောင်း၊ ၈၈မျိုးဆက်ကျောင်း သားများရုံးသို့ ရောက်ရှိလာကြသော ပြည်သူလူထု၏နစ်နာမှုများကို ဥပဒေကြောင်းအရ အကူညီပေး
နိုင်ရေးအတွက်လည်းကောင်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ပဏာမ သဘောတူ ညှိနှိုင်းချက်များအရ စေတနာ့ဝန်ထမ်းဥပဒေအကျိုးဆောင်ရှေ့နေများသည် ၈၈မျိုးဆက်ကျောင်းသား များ၏ရုံးခန်၌ တနင်္လာ၊ဗုဒ္ဓ္ဓဟူး၊သောကြာနေ့များတွင်
အလှည့်ကျရုံးထိုင်ပေးပြီး၊ လာရောက်တိုင်ကြား သော ပြည်သူများ၏နစ်နာမှုများကို
လက်ခံကြားနာ၍ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။ လိုအပ်ပါက သက်ဆိုင်ရာတရားရုံးများသို့ စေတနာ့ဝန်ထမ်း အကျိုးဆောင်ရှေ့နေ အဖြစ် အခမဲ့ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လောလောဆယ်တွင် စေတနာ့ဝန်ထမ်း အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ပေးရန် အဆိုပြုထားသူရှေ့နေ(၂၅)ဦး ရှိပါသည်။