ဖေဖောဝါရီလ ၁ရရက်နေ့ နေ့လည် ၁နာရီခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ)မှ ဥက္ကဋ္ဌဦးသန့်ဇင်ဦး၊ အဖွဲ့ဝင် ဦးကျော်သူမင်း၊ နာဂိုယာ ဋ္ဌာနခွဲမှ တာဝန်ခံ ဦးမျိုးသီဟန်
နှင့် နာဂိုယာမှ အမျိုးသမီး ၄ဦးအပါအဝင် အဖွဲ့ဝင် ၁၅ဦးပါအဖွဲ့သည် ၁၉၈၅ခုနှစ်က ဒေါ်အောင်ဆန်း စုကြည် ၉လတာ မြန်မာ့နိုင်ငံရေး သမိုင်း စာတမ်းပြုစုခဲ့ရာ ကျိုတိုတက္ကသိုလ်၌ မြန်မာ့နိုင်ငံရေး သမိုင်း
နှင့် လက်ရှိနိုင်ငံရေး အခြေအနေများအား သွားရောက်ဟောပြောခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဂျပန်လူမျိုးများနှင့် ကျိုတိုတက္ကသိုလ် အပါအဝင် အနီးပတ်ဝန်းကျင်မှ တက္ကသိုလ်ကျောင်းသား ၁၅၀ဦးခန့် တက်ရောက်ကြသည်။ ဒီမိုဝေယံ

