Tuesday, February 19, 2013

မင်းကိုနိုင်နှင့်ပြုံးချိုတို့၏ အော်စလိုမြို့ ဒုတိယနေ့အစီအစဉ်

၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် အော်စလိုတက္ကသိုလ်၌ Analysis of current political 
development and students role in the past and in the future ခေါင်းစဉ်ဖြင့်ဆွေးနွေးဟော
ပြောခဲ့စဉ်။
 နော်ဝေနိုင်ငံ အော်စလိုမြို့သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့်ပြုံးချိုတို့ နော်ဝေနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြစဉ်။
 နော်ဝေနိုင်ငံ၏ Aftenposten Newspaper, Bistandsaktuelt(Norad magazine), Caitas 
Norway စသည့် သတင်းဌာနများနှင့် အင်တာဗျူး ပြုလုပ်ခဲ့ကြစဉ်။
  နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ် ပါမောက္ခချုပ်က တည်ခင်းသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်ခဲ့ကြစဉ်။
 ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် Norwegian Broadcaasting(NRK) နှင့်တွေ့ဆုံမေးမြန်းမှုကို
 NRK စတူဒီယို တွင်ပြုလုပ်ခဲ့ကြစဉ်။
နော်ဝေနိုင်ငံ အော်စလိုမြို့သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့်ပြုံးချိုတို နော်ဝေဂျင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။
နော်ဝေနိုင်ငံ အော်စလိုမြို့သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့်ပြုံးချိုတို့ Norwegian Broadcasting(NRK) ရုံးသို့ရောက်ရှိခဲ့ကြစဉ်။
၂၀၁၃-၂-၁၉
နော်ဝေနိုင်ငံ အော်စလိုမြို့သို့ရောက်ရှိနေကြသည့် ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့်ပြုံးချိုတို့သည် ဖေဖော်ဝါရီလ၊(၁၈)ရက်က နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် လည်းကောင်း၊ နော်ဝေဂျင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အော်စလိုတက္ကသိုလ်ပါမောက္ခချုပ်နှင့်လည်းကောင်းတွေ့ဆုံခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်က အော်စလိုတက္ကသိုလ်၌ Analysis of current political development and students role in the past and in thefuture ခေါင်းစဉ်ဖြင့်   ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် Norwegian Broadcasting(NRK) နှင့်တွေ့ဆုံမေးမြန်းမှု
ကို NRK စတူဒီယို တွင်ပြုလုပ်ခဲ့ကြပြီး အခြားသော သတင်းဌာနများနှင့်လည်းတွေ့ဆုံမေးမြန်းမှုများ
ကို လက်ခံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။