skip to main |
skip to sidebar
၂၀၁၃-၂-၂၃
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ယက်၏ စာနယ်ဇင်းမိတ်ဆက်ပွဲကို
ယနေ့ နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီ၌ ကျင်းပပြုလုပ်ခဲ့သည်။အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ကို အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
လမ်းညွှန်မှုဖြင့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။ကွန်ယက်၏ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက
ကွန်ယက်၏ဖွဲ့စည်းပုံ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများအကြောင်းကို
ရှင်းလင်းပြောကြားခဲ့သည်။
အမျိုးသားကျန်းမာရေးကွန်ယက်ကို
ဘဏ္ဍရေးနှင့် ရန်ပုံငွေရှာဖွေရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ
အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး
ကော်မတီနှင့် ၊ စည်းရုံးရေးနှင့် စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေး ကော်မတီစသော
ကော်မတီ (၅) ခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။