skip to main |
skip to sidebar

ရန်ကုန်-ဖေဖော်ဝါရီ၂၅
အမေရိကန်-မြန်မာ ကုန်သည်/စက်မှု
အသင်းချုပ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်မှ
ရေနံ ကုမ္ပဏီများ ၊အခြား နာမည်ကျော် ကုမ္ပဏီ
များနှင့်မြန်မာနိင်ငံမှလုပ်ငန်းရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင်
တွေ့ဆုံနေသည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။
ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက မြန်မာ့
စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း
သုံးသပ်သည်။
''ဒါက
စီးပွားရေးအင်အား ကြီးနိုင်ငံတစ်နိုင်ငံက လာပြီး အသိ အမှတ်ပြုတဲ့ပွဲပါ။
ရိုးရိုးတောင် မ ဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်ကြ မယ့်အထိ လုပ်တဲ့ပွဲဆိုတော့
သူ တို့ဆီကပဲလာလာ၊ ကိုယ်တွေနဲ့ပဲ ပူးပေါင်းပူးပေါင်း ကောင်းတာချည်း ပဲ''ဟု
၎င်းကဆိုသည်။
၁၉၈၈-၈၉ မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေပြဋ္ဌာန်းပြီး နောက် အမေရိကန်၏ လာရောက် ရင်းနှီးမြှုပ်နှံမှုမှာ
အနည်းငယ်ရှိခဲ့ ဖူးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်
နှံမှုကော်မရှင်ထံမှ သိရသည်။
အမေရိကန်စီးပွားရေး လုပ် ငန်းရှင်များ
လာရောက်ရာတွင် အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီKFC အပါအဝင် ကုမ္ပဏီ အချို့ကပါ
နိုင်ငံတွင်းရင်းနှီးမြှုပ် နှံရန် လေ့လာသူများအဖြစ် ပါဝင်သည်ဟု သိရသည်။
PN-051