Wednesday, February 13, 2013

၈၈မျိုးဆက် လယ်သမားရေးရာကဏ္ဍ၏ မြစ်ဝကျွန်းပေါ်ခရီးစဉ်





























၂၀၁၃-၂-၁၃
၈၈မျိုးဆက်ကျောင်းသားများ၏ လယ်သမားရေးရာကဏ္ဍမှ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်၊      ကိုမျိုးအောင် တို့သည် ဖေဖော်ဝါရီ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်ဒေသရှိ တောင်သူလယ်သမားရေးရာကိစ္စရပ်များကို သွားရောက် လေ့လာ ၊ဖြေရှင်းပေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၉း၃၀ နာရီတွင် ဓနုဖြူမြို့နယ်   တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂဖွဲ့စည်းရေးအတွက် ကူညီဆောင်   ရွက်ပေးခဲ့ပြီး မွန်းလွဲ ၂း၀၀ နာရီတွင် ဟင်္သာတမြို့၊ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင်    ဒေသခံလူငယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲ ၃း၀၀ နာရီတွင် အင်္ဂပူမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ထူးကြီးဒေသ ဒေါ်ဖဲကွင်းကျေးရွာအုပ်စုတွင် သမဂ္ဂဖွဲ့စည်းရေးကိစ္စ၊ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတကိစ္စရပ်များကို ဒေသခံတောင်သူလယ်သမား ၁၅၀ကျော်နှင့်   ဆွေးနွေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးတစ်ဖက်ကမ်းရှိ သက်ကယ်တန်းကျေးရွာအုပ်စုတွင်ေးသခံ တောင်သူလယ်သမား ၁၀၀ကျော်နှင့်တွေ့ဆုံခဲ့ပြီး သမဂ္ဂဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲ ၃း၀၀ နာရီတွင် ထူးကြီးမြို့ရှိ ဒေသခံလူငယ် များနှင့် ဆွေးနွေးခဲ့ကြပြီး ညနေ ၅း၀၀ နာရီတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။