Thursday, February 7, 2013

ဂျာမန်ခရီးသွားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအား တွေ့ဆုံနှုတ်ဆက်



















၂၀၁၃-၂-၇
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ ညနေ(၃)နာရီခန့်တွင် ဂျာမန်ခရီးသွားဧည့်သည်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)ရုံးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ လာရောက်ဝယ်     ယူရင်း အဖွဲ့ချုပ်နာယက ဦးတင်ဦးအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသည်။

အဖွဲ့ချုပ်နာယက ဦးတင်ဦးက ဂျာမန်ခရီးသွားဧည့်သည်များကို လက်ခံတွေ့ဆုံပြီး ၄င်းတို့ကို လှိုက်လှဲ      စွာ ကြိုဆိုကြောင်းနှင့် ဧည့်သည်များ မြန်မာပြည်ကို လာရောက် လည်ပတ်ရာတွင် အတားအဆီး အနှောင့်အယှက်များ ရှိ/မရှိမေးမြန်းရာ ဧည့်သည်များက မည်သည့်အခက်အခဲမှ မရှိကြောင်း၊     အစစအရာရာ အဆင်ပြေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဧည့်သည်များက မြန်မာနိုင်ငံ၏ ယခင်နှင့်လက်ရှိ အခြေအနေ များအား မေးမြန်းရာ ဦးတင်ဦးက ယခင်အခြေအနေနှင့်နှိုင်းယှဉ်လျှင် တိုးတက်မှုအနည်းငယ်ရှိကြောင်းဖြေကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူနည်းစုများ အပေါ်သဘောထားနှင့်ပတ်သက်၍   မေးမြန်းရာတွင် ဦးတင်ဦးက တိုင်းရင်းသားတိုင်း တူညီသောအခွင့်အရေးများ ရရှိဘို့ လိုအပ်ကြောင်း။ ၄င်းတို့ အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အရေးကြီးကြောင်း၊ လူနည်းစု၏အမြင်ကို လူများစုက   လေးစားကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သို့ ရှင်သန်ရပ်တည်နေပါသနည်းဟု ဧည့်သည်တစ်ဦးက မေးမြန်းခဲ့ရာ ဦးတင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများပြည်သူ တို့၏ စေတနာသဒ္ဒါတရား ထောက်ခံမှုတို့ဖြင့် အခက်အခဲဆင်းရဲမှုများကြားက အောင်မြင်စွာရှင်သန် ရပ်တည်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။