Monday, February 18, 2013

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ နိုင်ရန်ကြိုးစားနေသည်ဟု သတင်းများတွက်ပေါ်နေ


၂၀၁၃-၂-၁၈                                                                                                                      
လက်ရှိကာချုပ်မင်းအောင်လှိုင်ကို အရင်တပ်ချုပ်အသိုင်းအဝိုင်းမှ မလိုလားဟန်စကားများ ထွက်ပေါ် လာပြီးနောက်မှာ ဒီသတင်းဆက်ထွက်လာတာဖြစ်ပါတယ် ၊ လက်ရှိကာချုပ်မင်းအောင်လှိုင်ဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့အလွတ်သဘောတွေ့ဖို့ ကြိုးစားနေပါတယ် ၊ လွှတ်တော်ဥက္ကဌဦးရွှေမန်းက ကြားဝင်စီစဉ်ပေးတာဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း အဲဒီတွေ့ဆုံမှုမှာ ပါဝင်နိုင်ဖွယ်ရှိပါ      တယ်။လက်ရှိအချိန်မှာ ဒီသတင်းဟာ တီးတိုးအဆင့်ပဲရှိပါသေးတယ်၊ ဒီသတင်းသာသေချာမယ်ဆိုရင် 
တိုင်းပြည်အတွက် အလားအလာကောင်းတွေမြင်တွေ့ ရနိုင်ပါတယ်။နိုင်ငံအတွက်လည်း ကောင်းတဲ့
အပေါင်းလက္ခာ တခုဖြစ်ပါတယ်။ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်အနေဖြင့်လည်း   ပြောင်းလဲဖို့  ပြည်သူများကမျှော်လင့်နေကြပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်း စစ်တပ်အနေဖြင့် ရိုးသားမှုနဲ့  ပွင့်လင်းမြင်သာမှုရှိစေရန် တိုင်းရင်း သားအင်အားစုများနှင့်ဒေါ်အောင်ဆန်းကြည်အပါအ၀င် ဒီမိုကရေစီအင်အားများပါဝင်သော သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲများဖေါ်ဆောင်နိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ထံ ကမ်းလှမ်းလာတာ လည်းဖြစ်နိုင်သည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။