Saturday, February 16, 2013

မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲတွင် B R S A ဂျပန် အသင်းသူ/သားများ၏ တနိုင်တပိုင် အလှူ



















































မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲတွင် ဂျပန်နိုင်ငံရှိ မြန်မာ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း B R S A ဂျပန်           မှ အသင်းသူ/သား များ၏ ချွေးနှဲစာနဲ့  တနိုင်တပိုင် အလှူငွေများဖြင့် မြန်မာ့ဒီမိုကရေစီအရေးမှာ တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်းရှိ ပြည်သူပြည်သားများ၏ ဘ၀စားဝတ်နေရေးသည် တနေ့ တက်တနေ့  ခက်ခဲကြမ်းတမ်းသော အပြောင်းအလဲကို ကျော်ဖြတ်နေရပြီး လွတ်လပ်၍ တရားမျှတသော လူ့ ဘောင်ဘ၀ကို ရောက်ရှိရန်အတွက်   နိုင်ငံသားအားလုံးပူပေါင်း ဆောင်ရွက်မှသာ မိမိတို့ လိုချင်သော စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။  သမ္မတ ဦးသိန်စိန်နှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့    ရောက်ရှိအောင် ကြိုးစားနေကြသည့်အတွက် ယနေ့ လူငယ်များသည်လည်း မိမိတို့ ၏ အခွင့်အရေးများကို အချိန်ရှိခိုက် လုံးလစိုက်ပြီး ပညာသင်ကြားကာ အနာဂတ်မြန်မာနိုင်ငံကို လူငယ်များ၏ အင်အားဖြင့် တည်ဆောာက်ကြရပေမည်။   နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားနေကြပြီး ဂျပန်အပါအ၀င် ကူညီပံ့ပိုးမှုများကိုလည်း ပေးနိုင်ရန်   ဆောင်ရွက်လျှက်ရှိနေသည်။နိုင်ငံတကာမှ အသိပညာ အတတ်ပညာရှင်များ လာရောက်၍ ကူညီဆောင်ရွက်ပေးခြင်း   အားဖြင့် နိမ့်ကျနေသာ နိုင်ငံရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး၊လူ့ အခွင့်အရေးများ မြှင့်တက်လာစေနိုင်သော နည်းလမ်းများ    ကို လူငယ်များအနေဖြင့် ပညာရှင်များနှင့် ပူးပေါင်းရှာဖွေကာ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ရန်လိုအပ်ပေသည်။