skip to main |
skip to sidebar
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
“အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)မှ မြန်မာနိုင်ငံ အပေါ်တားမြစ် ကန့်သတ် ချက် အများစုကို ရုပ်သိမ်းခြင်း”
၁။ မြန်မာနိုင်ငံမှ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ
နှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်
သမားရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ် (၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ
အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံ အပေါ် တားမြစ် ကန့်သတ်သော
ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်ချက်များကို (ILO) အုပ်ချုပ်ရေး အဖွဲ့ဝင် အစိုးရ၊
အလုပ်သမားနှင့် အလုပ် ရှင် ကိုယ်စားလှယ်များ ပါဝင်သော ဆုံးဖြတ် ချက် မူကြမ်း
ရေးဆွဲရေး ကော်မတီ (Selection Committee) သည် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၆
ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ အသေးစိတ် လေ့လာ သုံးသပ်
ဆွေးနွေးခဲ့ကြပြီးနောက် ဆုံးဖြတ်ချက် မူကြမ်းကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၃
ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာ ညီလာခံ စုံညီ အစည်းအဝေးသို့ တင်သွင်းခဲ့ပါသည်။
၂။
ညီလာခံတွင် (Selection Committee) မှ တင်သွင်းခဲ့သည့် ဆုံးဖြတ် ချက်
မူကြမ်းကို တက်ရောက် လာကြသော အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်သမား
အဖွဲ့အစည်း ကိုယ်စားလှယ် များနှင့် အလုပ်ရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များက
တညီတညွတ်တည်း တစ်ခဲနက် ထောက်ခံ ခဲ့ကြသောကြောင့် ဆုံးဖြတ်ချက်သည် ၂ဝ၁၂
ခုနှစ်၊ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ
မိနစ်(မြန်မာစံတော်ချိန် ည ၁ဝ နာရီ မိနစ် ၄ဝ)တွင် အတည် ဖြစ်ခဲ့ပါသည်။
၃။ (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ က
အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှ လိုရင်း
အချက်များမှာ-
(က) ၁၉၉၉ ခုနှစ် (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေး ရာ ညီလာခံမှ ချမှတ် ခဲ့သည့် တားမြစ် ကန့်သတ်ချက် အားလုံးကို
ရုပ်သိမ်းရန်၊
(ခ) ၂ဝဝဝပြည့်နှစ် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
အလုပ် သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် ငါးချက်
ရှိခဲ့ပါသည်။ ယင်းငါးချက်အနက် ကန့်သတ်ချက် အပိုဒ်ခွဲ (ဂ) ဖြစ်သော မြန်
မာနိုင်ငံနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြန် လည်စဉ်းစား
သုံးသပ်ရန် အချက်၊ အပိုဒ်ခွဲ (ဃ) ဖြစ်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍
ကုလသမဂ္ဂ ညီလာခံနှင့် ECOSOC အစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်
အချက်၊ အပိုဒ်ခွဲ(င) ဖြစ်သော မြန်မာ နိုင်ငံက စုံစမ်းရေး ကော်မရှင်၏
ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင် ရွက်မှုများအား အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများသို့ အစီရင်ခံရန် အချက်တို့  ကို ရုပ်သိမ်းရန်
ဆုံးဖြတ်ခဲ့ပါသည်။ အပိုဒ်ခွဲ (ခ) ဖြစ်သော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးတွင်
လိုအပ် သော သုံးသပ်မှုများ ပြုလုပ်ရန် တားမြစ် ကန့်သတ်ချက်ကို
တစ်နှစ်ဆိုင်းငံ့ရန် (suspend) ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အပိုဒ်ခွဲ (က)
အရ ဆောင်ရွက်သော အထူးအစည်းအဝေး (Special Sitting) ကို ယခုကဲ့သို့
အဓမ်မစေခိုင်းမှု ပပျောက်ရေး လုပ်ငန်း များ ကြိုးပမ်း ဆောင်ရွက်နေသမျှ
ရပ်စဲထားရန် ဖြစ်ကြောင်း (Selection Committee) အစည်းအဝေး မှတ်တမ်းတွင်
ဖော်ပြထားပါ သည်၊
(ဂ) လျင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက်
အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမှု မရှိစေ ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား
ရေးရာ အဖွဲ့က မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီများ ဦးစားပေး ဆောင် ရွက်
ပေးသွားရန်နှင့် လိုအပ်သော ဘဏ္ဍာငွေ အရင်းအမြစ်များကို
အဖွဲ့ ဝင်နိုင်ငံ များ နှင့် အဖွဲ့ အစည်းများက ထည့်ဝင်ကြရန်၊
(ဃ)
နိုင်ငံတော် အစိုးရသည် သတ်မှတ်ထားသော ရည်မှန်းချက်ကာလ ထက်စော၍ အဓမ္မ
စေခိုင်းမှု ပပျောက်စေရန် ပူးတွဲ မဟာဗျူဟာကို အလျင် အမြန်
အကောင်အထည်ဖော်ရန်၊
၎။ တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊
ပယ်ဖျက်၊ ဆိုင်းငံ့ခြင်း တို့ကြောင့် မြန်မာပြည်သူ ပြည်သားများ၏
အကျိုးစီးပွားအတွက် EU နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အထူး
အကျိုးခံစားခွင့်များ ရရှိလာနိုင်ပါသည်။
၅။ (၁ဝ၁) ကြိမ်မြောက်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ သို့ ပြည်ထောင်စု သမ်မတမြန်မာ
နိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်
ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု
ရှေ့နေချုပ်တို့  ဦးဆောင်၍ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော
မြန်မာကိုယ်စား လှယ်အဖွဲ့  တက်ရောက်စဉ်တွင် ပြည်ထောင်စု ဝန်ကြီးနှင့်
ပြည်ထောင် စု ရှေ့နေချုပ်တို့ မှ နိုင်ငံတကာ အစိုးရအဖွဲ့ အစည်းများ၊
အလုပ်ရှင် အဖွဲ့ အစည်းများနှင့် အလုပ်သမား အဖွဲ့ အစည်းများ၏
ကိုယ်စားလှယ်များကို တွဆေုံ့ပြီး မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှုနှင့်
အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုများအား ပြည့်စုံပီပြင်စွာ
ဆွေးနွေးရှင်းလင်းခဲ့သဖြင့် မြန်မာပြည်သူပြည်သားများ ၏ ကောင်းကျိုးအတွက်
အကျိုး ရလဒ်ကောင်းများ ဆောင်ကြဉ်း ပေးနိုင်ခြင်း ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။
အလုပ်သမား ၀န်ကြီးဌာန
၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်