Sunday, June 3, 2012

တောင်းဆိုမှုများရှိလာပါက နှစ်သိန်းဖုန်းကဒ်များအား နိုင်ငံတော်ကအရှုံးခံ၍ ရောင်းချသွားမည်


ဥာဏ်ဥာဏ် (မြစ်မခ)
 ဇွန်(၂)ရက်၊၂၀၁၂ခုနှစ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းကဒ်နှုန်းထားများအား နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ   ဈေးနှုန်းလျှော့ချခိုင်းမည်ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရှိသည်။

 လက်ရှိ မိုဘိုင်းဖုန်းကဒ်နှုန်းထားများမှာ ဇူလိုင်လကုန်ပိုင်းတွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းတန်ဖုန်းကဒ်များ ထွက်ပေါ်လာသတင်းများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အခြေ အနေအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

  “ကျွန်တော်တိုက တစ်နှစ်ကို တစ်ခါလောက်  လျှော့ချပေးမှာပါ။ ဒါပေမယ့် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ သမ္မတကြီးကလျှော့ချခိုင်းမှုအပေါ်ကို မူတည်ပြီး လုပ်ဆောင်သွားမှာ” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသန်းဝင်းက ပြောသည်။

 လက်ရှိချပေးလျှက်ရှိသော မိုဘိုင်းနှစ်သိန်းဖုန်းကဒ်များသည် အမှန်ကန်ုကုန်ကျသော နှုန်းထားများဖြစ်     ပြီး၊  လက်ရှိနှုန်းထားများထက် ထပ်မံလျှော့ချ၍ ရောင်မည်ဆိုပါက ရှုံးပေါ်နိုင်ကြောင်းကိုလည်း ၄င်းကဆက် ပြောသည်။

 လက်ရှိ ရောင်းချပေးသည့်မိုဘိုင်းဖုန်းများအား ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်   ပြီး တာဝါတိုင်စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိကကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း   ဖြစ်သည်။

 “ဈေနှုန်းအပိုင်းကတော့ ကျွန်တော်တိုကုမ္ပဏီနဲ့မဆိုင်ပါဘူ၊ မြန်မာ့ဆက်သွယ်ရေးနဲ့ပဲ ဆိုင်ပါတယ်၊ ကျွန်တော် တိုက   ဘယ်ဈေနဲ့မဆို ရောင်းချရမှာဖြစ်တယ်” ဟု Elite Tech ကုမ္ပဏီမှ အထွေထွေ မန်နေဂျာက ဆိုသည်။

 မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုးနှုန်းထားများအား (၅)နှစ်အတွင်း နိုင်ငံတကာနှုန်းထားများ အတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန်ဖုန်းများ အားဆက် လက်ရောင်းချပေး လျှက်ရှိသည်။

 ပြည်သူများအနေဖြင့် နှစ်သိန်းဖုန်းများအား ယခုထက်ပိုမိုနည်းပါးသောဈေးနှုန်းများဖြင့် ၀ယ်ယူသုံးစွဲနိုင် မည်ဆိုပါက လူလတ် တန်စားအများစုမှာ မိုဘိုင်းဖုန်းကိုင်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 “နိုင်ငံတော်သမ္မတနဲ့လွှတ်တော်အမတ်တွေက အခုလို ဖုန်းတွေဈေးနှုန်းချပေးဖို့ လွှတ်တော်မှာတင် သွင်းမယ်ဆိုရင်     ကျွန်တော်တို့လိုဖုန်းမ၀ယ်နိုင်သေးတဲ့လူတွေအတွက် ဈေးနည်းနည်းနဲ့ဖုန်းဝယ် ကိုင်နိုင်တော့မှာပေါ့”ဟု ကမာရွတ်မြို့နယ်နေ   ကိုမင်းနိုင်ကပြောသည်။