၂၀၁၂-၆-၂ မဲဆောက်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ၍ မြန်မာနိုင်ငံသားများက လှိုက်လှိုက်လဲလဲကြိုဆိုကြသည်။အမေစုလာမယ်ဆိုလို့ တညလုံးအိပ်မရပဲ ပျော်ရွှင်မှုများစွာနဲ့ စောင့်နေကြတဲ့ မဲဆောက်က မြန်မာပြည်သူတွေက မဲဆောက်လေဆိပ်ကို ရောက်ရှိလာတဲ့
လူထုခေါင်းဆောင်ကို ကြိုဆိုခဲ့ကြသည်။လူထုခေါင်းအနေဖြင့် မဲဆောက်တွင် ဒုက္ခအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာ အနေဆင်းရဲ အစားဆင်းရဲနှင့် ဘ၀ကိုပေးဆပ်နေကြသော အနာဂတ်ကလေး ငယ်များအား မိမိ၏ ကျင်နာစာနာတတ်သော စိတ်ရင်းစေသနာဖြင့် သွားရောက်ကြည့်ရှုကာ တာဝန်သိသူ လူထုခေါင်းဆောင်မှ စစ်မှန်သောဒီမိုကရေစီနှင့်တိုင်းပြည်ဖွင့်ဖြိုးတိုးတက်လာမှ ဒုက္ခခတ်သိမ်းကင်းဝေမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် တက်ရောက်နေသော ကမ္ဘာ့စီပွားရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့  နိုင်ငံတကာမှ ရင်းနှီးမြုတ်နှံမှုများလာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
Saturday, June 2, 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မဲဆောက်မှ မြန်မာနိုင်ငံသားများက လှိုက်လှိုက်လဲလဲကြိုဆို
Posted by
mya thein



