Thursday, May 31, 2012

အမေစုရဲ့  ခေါ်သံ

 

 အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့
သင်တို့ဘယ်နေရာရောက်ရောက်
ဘယ်ဌာနပေါက်ပေါက်
သင်တို့ပေါက်ဖွားရာနိုင်ငံသည်သာ သင့်နိုင်ငံမို့
သင်တို့ကို သင့်နိုင်ငံကအလိုရှိနေပါသည်…။အမေစုရဲ့စကား
သွေးထွက်အောင်မှန်ပါကလား…။
နိုင်ငံခြားရောက်နေသူ..မြန်မာ့ပြည်သူအားမာန်တွေထူ တိုင်းပြည်ကိုကူ
တလူလူဝမ်းမြောက်…
ကိုယ့်တိုင်းပြည်ကိုပြန်တည်ဆောက်လော့…။အမေ့ခေါ်သံ မိုးယံအစွန်ဖျားက
ကြားယောင်ပါက မြန်စွမနှေးအပြေးနဲ့သာ ပြေးဝင်လာလော့..
မြန်မာတိုင်းရင်းသား ပီသဖို့လေး…။
တက္ကသိုလ်ဘုန်းကြွယ်
(မေ၂၇ ၂၀၁၂)