Monday, May 28, 2012

သမ္မတ အကြံပေ ဦးကိုကိုလှိုင်ကို ပြည်သူတွေ မကျေမနပ်ဖြစ်နေ

ရန်ကုန်မြို့တော် ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝ ရရှိရေး ပဉ္စမမြောက်နေ့ အဖြစ် ရန်ကုန်မြို့နေ ပြည်သူ လူထုက မေလ ၂၆ ရက်နေ့ ည ၇ နာရီက ဆူးလေဘုရားအနီးမှာ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူ ၃၀၀ လောက်ဟာ ဖယောင်းတွေတိုင်ထွန်းညှိပြီး ငြိမ်းချမ်းစွာ လှည့်လယ် ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ဆူးလေဘုရားပေါ်မှာပဲ စုဝေးခဲ့ကြတာပါ။ အဲဒီနောက် မေလ ၂၄ ရက်နေ့က သမ္မတ အကြံပေး ဦးကိုကိုလှိုင် ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေကို ပြောဆိုခဲ့ပါတယ်။ တဆက်ထဲမှာလည်း လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် တာမွေမြို့နယ်မှာလည်း ဒေသခံ အယောက် ၅၀ လောက်ဟာ ည ၇ နာရီကနေ စတင်ပြီး ည ၈:၃၀ နာရီအထိ တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါ သေတယ်။