Wednesday, May 30, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  ရောက်ရှိ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306   လေယာဉ်ဖြင့် ထိုင်းနိုင်ငံ   ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိခဲ့ပါသည်။ ထိုသို့ ရောက်ရှိစဉ် အချိန်တွင်   ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှတာဝန် ယူပေးခဲ့ပါသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှထွက်ခွာခဲ့ပါသည်။    ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြု လုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။