Tuesday, May 29, 2012

သမ္မတကြီးနှင့်တကွ ပညာရေးဝန်ကြီးတို့ သိစေရန်



 ကိုကို(လူထုအော်သံ)
၂၀၁၂-၅-၂၉
(ပညာရေးဌာနတွင်ဖြစ်ပျက်နေသောအဖြစ်အပျက်များ)
ကျွန်တော်တို့ကျောင်းဟာ တာချီလိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မိုင်းကိုးဖြစ်ပါ
သည်။ ကျွန်တော်တို့ကျောင်းအပါအ၀င် မိုင်းကိုးကျေးရွာအုပ်စုတွင် ကျောင်းပေါင်း(၁၅)ကျောင်းရှိပါ
သည်။ ထိုကျောင်းများမှာ မူလတန်းနှင့်မူလတန်း(လွန်)ကျောင်းများဖြစ်ပါသည်။ထိုကျောင်း (၁၄)
ကျောင်း မှမိုင်းကိုး အခြေခံအထက်တန်းကျောင်း(ခွဲ)သို့တတ်ရောက်လိုသော ကျောင်းသား/သူ အသစ်များကို ကျောင်းအုပ်ကြီးဦးအေးသိန်းမှာ ထိုင်းဘတ်ငွေ (၁၀၀၀)ကောက်ခံနေပါသည်။
 (၁၄)ကျောင်းမှ ကျောင်းသား/သူ များသည် မိုင်းကိုးကျောင်းတွင် မနေပဲ တာချီလိတ် ၊ကျိုင်းတုံ ကျောင်း
သို့  ပြောင်းရွေ့လိုပါက မိမိကျောင်းနှင့်မဆိုင်သော်လည်း ဘတ်ငွေ(၁၀၀၀)၊မိမိကျောင်းမှ ကျောင်းသူ/   သားများကျောင်းပြောင်း လက်မှတ်ယူလျှင်လည်း ဘတ်ငွေ (၁၀၀၀) ပေးမှရမည်ဟုဆိုသည်။ ငွေကြေး မတတ်နိုင်သောမိဘများအား သဲ(၁)စီး၊ ကျောက်(၁)စီး၊ အုတ်(၁)စီး၊ ဘိလပ်မြေ စသည်တို့ကို ကြိုက်နှစ် သက်ရာ လှူဒါန်းနိုင်သည်။ မပေးလျှင်မရဟု ပြောသည်။ ကျောင်းအပ်နှုန်းများမှာ အစိုးရမှ တရားဝင် ကျပ်ငွေဖြင့် သတ်မှတ်ထားသောလည်း ကျပ်ငွေဖြင့်ကျောင်းအပ်လျှင် လက်မခံ၊ ဘတ်ငွေဖြင့်သာ လက်ခံသည်။ ပညာရေးမှူးရုံးမှ ခိုင်းသည်ဟုဆိုပါသည်။ 
 ကျောင်းအပ်နှုန်းများမှာ ပဉ္စမတန်း (၁၅၀)ဘတ်၊ ဆဌမတန်း(၁၆၀)ဘတ်၊ သတ္တမတန်း(၁၇၀)ဘတ်၊ အဌမတန်း(၁၈၀)ဘတ်၊ န၀မတန်းကို(၁၉၀)ဘတ်၊ ဒဿမတန်း (၂၀၀)ဘတ် ကောက်ခံသည်။   ကျောင်းသား မိဘများအနေဖြင့် ကျောင်းသူ/သား(ညီကိုမောင်နှမ)များပါက အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ကျောင်းအုပ်ဆရာကြိး ဦးအေးသိန်းသည် ပင်စင်ယူရန် (၇)နှစ်သာကျန်သဖြင့် အုပ်လည်းအုပ်၊လုပ်လည်းလုပ်ဟု ဆိုကာ အခြားအုပ်စုကျောင်းမှဆရာများအား ဘတ်ငွေ(၁၀၀၀)   ကောက်ခံခိုင်း၍ ဆရာကြီးအား ပေးအပ်စေသည်။ သက်ဆိုင်ရာလူကြီးများ အနေဖြင့် လာရောက် စစ်ဆေးပေးပါရန် တောင်းခံအပ်ပါသည်။
မှတ်ချက်..... လာရောက်စစ်ဆေးရာတွင် ဆရာ/မ များကိုတစ်ဦးချင်းဆီ စစ်ဆေးပေးစေချင်ပါသည်။   ကျောင်းအုပ်ကြီးအားကြောက်ရသောကြောင့်ဖြစ်ပါသည်။ ကျောင်းအုပ်ကြီးရှေ့တွင် မပြောရဲသော   ကြောင့်ဖြစ်ပါသည်။


အခက်အခဲနှင့်ရင်ဆိုင်နေရသောကျောင်းသားမိဘများ