Thursday, May 31, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Abhisit Vejjajiva လာရောက်တွေ့ ဆုံ

၂၀၁၂-၅-၃၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Abhisit Vejjajiva လာရောက်တွေ့ ဆုံ နှုတ်ဆက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ လာရောက်ခြင်းအား ကြိုဆိုကြောင်းနှင့်
ဝမ်းသာရကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရှိနေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတယ်
ဟုဆိုကာ ခေါင်းဆောင်တွေ သဘောတူကြပါတယ်။ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး ထင်သာမြင်သာရှိအောင် လုပ်ဖို့လိုတယ်လို့  ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ က ဆွေးနွေးခဲ့ပါတယ်။