၈-၃-၂၀၁၂
မြန်မာပြည်အလယ်ပိုင်းဒေသအချို့တွင် ယခုပုံတွင် မြင်တွေ့ရသည့်အတိုင်း ခမောက်တံဆိပ် ကို NLDကိုယ်စားပြု အမှတ်အသားအဖြစ် ထင် မှတ်နေဆဲဖြစ်သည်။ ယခုကဲ့သို့ ခမောက်နှင့် တွဲလျှက် ပြည်သူကို စည်းရုံးနေရသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာ အဆိုပါနေအိမ်ရှိ ပုဂ္ဂိုလ်သည် ယခင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မြို့နယ်စည်းရုံးရေးမှုတဦး ဖြစ်ခဲ့ပြီးနောက် ကာလကြာရှည်စွာနိုင်ငံရေးနှင့်ကင်းကွာသွားခဲ့သူဖြစ်သည်။ ယခုအခါတွင် အစိုးသစ်ပြောင်းလဲပြီး နောက် အဖွဲ့ ချုပ်အသစ်ပြန်လည်ပြင်ဆင်ဖွဲ့ စည်းပြီး လွတ်လပ်စွာလုပ်ကိုင်လာနိုင်သည့် အချိန်တွင် နိုင်ငံရေးလောကထဲသို့  ပြန်လည်ဝင်ရောက်လာခဲ့ပြီး ခါးပြတ်နိုင်ငံရေးသမားအဖြစ်နှင့် NLD ၏ မဲဆွယ်စည်းရုံးရေးများကို ယခုအချိန်တွင် ပြုလုပ်နေပါသည်။ မိမိတို့ အနေ ဖြင့် ထိုကဲ့သို့  အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် ဗဟိုဌာနချုပ်မှ ထုတ်ပြန်သော ကြေငြာချက်များ ၊ သတင်းမီဒီယာများမှ ထုတ်လွှင့်ချက်များကို အမှန်တကယ် မသိရှိ ပဲ စိတ်ရင်းစေတနာအမှန်ဖြင့် အမှားကိုပြုမိနေခြင်းလား သို့ မဟုတ် NDF ပါတီမှ ပြည်သူများ ယုံမှားသံသယဖြစ်စေရန် ပုံမှားရိုက်၍ စည်းရုံးနေခြင်းလားဆို သည်ကို ခွဲခြားခြင်း မပြုနိုင်ခဲ့ပါ။ သို့ ပါ၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်မြို့ များသို့ အပင် ပန်းခံကာ စည်းရုံးရေးခရီးစဉ်များထွက်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မြို့ နယ် တာဝန်ရှိသူများအနေဖြင့် မိမိတို့ အခြေခံမြို့ နယ်များကို သေချာစွာ ထိစပ်ပြီး အခြေနေအရပ်ရပ် ကို သိရှိနေရန်လိုအပ်နေသည်ဟုထင်မြင်မိပါသည်။