၁၄-၃-၂၀၁၂
မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် က ဟောပြော ထုတ်လွှင့်မည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ပါတီ၏ သဘောထား မူဝါဒများ ပေါက်ကြားမှုကြောင့် ကန့် ကွက်စာတင်ထားကြောင်း
ယင်းပါတီ၏ ဗဟိုအောင်နိုင်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဥာဏ်ဝင်းက ပြောကြားပါသည်။
မတ်လ ၁၄ ရက်နှင့် ၂၂ ရက် တို့တွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ဟာပြောချက် သည် ယနေ့ မတ်လ ၁၃ ရက်နေ့ က အွန်လိုင်းသတင်း စာမျက်နှာများတွင် ရုပ်သံနှင့် တစ်ကွကြိုတင် ထုတ်လွှင့်ခဲ့သဖြင့် ယင်းကဲ့သို့  ကန့် ကွက်စာတင်ရကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
‘‘ဒီသတင်းပေါက်ကြားမှုအတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ တာဝန်ရှိတယ် ၊ အခုပဲ အဲဒီဌာနမှာရှိတဲ့ တာဝန်ရှိသူ တွေထံ ကျွန်တော်ကိုယ်တိုင် လတ်မှတ်ထိုးပြီး တိုင်တန်းထားပါတယ်’’ ဟု
ယင်းကပြောသည်။ ရန်ကုန်တိုင်းမ်