Thursday, March 8, 2012

မိမိတို့ ရဲ့ ဘ၀လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအတွက် NLD ကိုမဲပေးကြစို့ 

 ဖဆပလခေတ်တုန်းက ရွေးကောက်ပွဲမှာ လူတည်မြဲ - မဲသန့်ရှင်းဆိုတာဖြစ်ခဲ့ဘူးပါတယ်။
ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးဟောပြောပွဲမှာ တည်မြဲပါတီကို လူတွေအတော့်ကိုအား
ပေးထောက်ခံခဲ့ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲတကယ်ကျင်းပတဲ့ အခါမှာတော့ သန့်ရှင်းပါတီ
ကမဲအနိုင်ရရှိသွားပါတယ်။အခု ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း လူ NLD မဲ ကြံ့ဖွတ်
ဆိုတာမဖြစ်စေချင်ပါဘူး။လက်ခုပ်သံတွေ၊လူထုပရိသတ်အားပေးထောက်ခံမှုတွေကို အံ့သြဖွယ်
ကောင်းလောက်အောင်တွေ့မြင်ခဲ့ရပေမဲ့၊တကယ့်ရွေးကောက်ပွဲမှာ မဲပုံးထဲကို အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်ကို အမှန်ခြစ် ခြစ်ပြီးမဲထည့်ပေးနိုင်မှသာလျှင်စစ်မှန်သောလူထုထောက်ခံမှုဖြစ်ပါ
လိမ့်မယ်။ကြံ့ဖွတ်အစိုးရကတော့ လုပ်ကြံမယ်၊ယုတ်မာမယ်၊ကလိမ်ကကျစ်ကျဦးမယ်ဆိုတာကို
သတိထားစေချင်ပါတယ်။ပုသိမ်၊မြောင်းမြဘက်တွေမှာကြံ့ဖွတ်ကမဲစလိမ်နေတယ်လို့ခိုင်လုံတိ
ကျတဲ့သတင်းကိုပေးပို့လာလို့သိရှိရပါတယ်။ကျွန်တော်တို့တတွေ မဆလ ၂၆ နှစ် ၊ န၀တ ၂၄ နှစ်
အာဏာရှင်ကြီးစိုးအုပ်ချုပ်မှုကို ပြားပြားဝပ်ခံခဲ့ရပြီးပါပြီ။ အခုအချိန်မှာတော့ ဒီမိုကရေစီအစစ်အမှန်
ရဲ့အကျိုးကျေးဇူးကိုခံစားနိုင်ကြဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှန်ကန်စွာမဲပေးကြပါ
လို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။
ဒီမိုကောင်းကင်