Wednesday, March 14, 2012

The Messenger News Journal နှင့် ELEVEN Media တို့သည် The Voice ဂျာနယ်နှင့်အတူ ရပ်တည်ရင်ဆိုင် သွားမည်ဟုထုတ်ပြန်

၁၄-၃-၂၀၁၂
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်း မီဒီယာတို့က အပြင်းအထန်ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်ဖြစ်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်လိုက်သည်။                                                                           ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။       ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများ         သူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင်                ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း       ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။ ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven           Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
The Messenger News Journal
  ၁၄ .၃.၂၀၁၂ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၀) ပါ "The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်
မှုမရှိ ၊ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် " သတင်းနှင့်ပတ်သက်၍ The Messenger ဂျာနယ်၏သဘောထားထုတ်ပြန်ချက်ကြေးမုံ သတင်းစာ
၏ အဆိုပါသတင်းဖေါ်ပြချက်သည်
(၁) စတုတ္ထမဏ္ဍိုင် အားတစ်ဖက်သတ်ခြိမ်းခြောက်သည့်အသ
ွင်ဆောင်နေခြင်း။
(၂) သတင်းအင်္ဂါရပ်နှင့်မညီညွှတ်သည့်အပြင်ပြည်တွင်းထုတ်သတင်းဂျာနယ်များအားဂုဏ် သိက္ခာ ညှိုးနွမ်းစေလိုသည့်ရည်ရွယ်ချက်ပါရှိနေခြင်း။
(၃) နိုင်ငံတော်သမ္မတကြီး၏စတုတ္ထမဏ္ဍိုင်အပေါ်အလေးအနက်ပြုမှုအပေါ်အသိအမှတ်မပြုရာ
ရောက်ခြင်း။စသည့်အချက်များ ပါဝင်နေခြင်းကြောင့် The Messenger News Journal မှပြင်းထန် စွာကန့်ကွက်လိုက်သည်။
ထို့အပြင်The Voice ဂျာနယ်၏ " ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေး
တွေ့ရှိ " သတင်းဖေါ်ပြချက်နှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခြေအနေအားလုံးကို The Voice ဂျာနယ်နှင့်အတူရပ်တည်ရင်ဆိုင်သွားမည်ဖြစ်ကြောင်းစာဖတ်ပရိသတ်များအားလေးနက်စွာ အသိပေးအပ်ပါသည်။